Our Team Member Organizations
“အပြန်အလှန် လေးစားမှု နှင့် တန်းတူညီမျှဖြစ်မှု ” တို့ကို အခြေခံထားပြီး မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုဉ်း ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းလာ ရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ရပ်တည်ချက်နှင့် အခြေခံမူများကို အလေးထား ပံ့ပိုး ပေးရန်၊ မိမိတို့ တတ်စွမ်းသည့် လုပ်အား၊ ငွေကြေး၊ အသိပညာ၊ အတတ်ပညာ၊ အချိန်နှင့် အခြေအနေ ပေးနိုင်သလောက် ကျရာ နေရာမှ ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေး နိုင် ကြရန် ဂျာမဏီရောက် မြန်မာ နိုင်ငံသားများ စုပေါင်း ပြီး “CRPH & NUG Support Team Germany“ ကို ၂၀၂၁၊ ဇူလိုင်လ ၁ ရက်နေ့ ကြာသပတေးနေ့ က ဖွဲ့စည်း အတည်ပြုနိုင် ခဲ့ပါသည်။
CRPH & NUG Support Team Germany တွင်-
Kachin Community e.V
ဇိုမီး Community e.V
Burma Bureau
Myanmarisch-Islamisches Zentrum e.V (MIZ) တို့ ပါဝင်ပါသည်။
တန်ဖိုးကြီးလွန်းတဲ့ မိတ် ဆွေ တို့ရဲ့ တစ်ဦးခြင်း၊ တစ်ဖွဲ့ခြင်း ကူညီ ဆောင် ရွက် နေကြခြင်းထက် ရည်ရွယ်ရာတူ နှလုံးသားများကို ထပ်တူပြုလို့ စု ပေါင်း ဆွေး နွေး တိုင် ပင် ဆောင်ရွက် နိုင်လျှင် တော်လှန်ရေးကို ပို၍ ထိရောက် မြန်ဆန်စွာ အဆုံးသတ်နိုင်မည် ဟု အခိုင်အမာ ယုံကြည်ပါသည်။
“Team Germany” ကို တိုင်းရင်းသား လူမျိုးအားလုံး ပါဝင်လာ စေ နိုင်ရန် နှင့် အသင်းကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာာစေဖို့ ထပ်မံပူး ပေါင်း လာမည့် အဖွဲ့ဝင်များ ကိုလည်း လှိုက်လှိုက်လှဲလှဲ လက်ခံ ကြိုဆို လျက်ရှိပါ ကြောင်းနှင့် ပူး ပေါင်း ပါဝင်လာကြ စေရန်လည်း ချစ်ခင် လေးစား တန်ဖိုးထားခြင်းများ ဖြင့် ဖိတ်ခေါ်အပ်ပါသည်။
“အ ရေး တော် ပုံ အောင် ရ မည်”
NUGPay Germany Agent
NwayOoHti Official Distributor
EoD agent
CRPH Official Fundraiser
San Yay
အမေ့ထီး
Nwayoo Hti
OFP Official Fundraiser